Myanmar Preparedness Partnership (MPP) ၏ စီစဉ်မှုဖြင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေဆန်းစစ်ချက်ဆိုင်ရာ နည်းပြသင်တန်း Training of Training on Disaster Risk Assessment နှင့် လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း Training of Trainer on Humanitarian Leadership တို့ကို ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းရက်များမှာ၂၀၁၉ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၆ ရက်တာဖြစ်ပါသည်။

အဆိုပါသင်တန်းများသို့ ရန်ကုန်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများမှ သင်တန်း ၁ခုလျှင် ၁ဦးစီဖြင့် စုစုပေါင်း သင်တန်းသား ၂ ဦးစီ တက်ရောက်နိုင်ပါသဖြင့် စိတ်ဝင်စားသူများ အဆိုပြုနိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားပါသည်။

စိတ်ဝင်စားသူများအနေဖြင့် This email address is being protected from spambots. You need JavaScript enabled to view it. သို့တက်ရောက်လိုသည့် သင်တန်းအမည်၊ အမည် ၊အဖွဲ့အစည်းအမည်၊ ရာထူး၊ ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကို ပေးပို့အဆိုပြုနိုင်ပါသည်။

Download Link for Invitation