အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) သည် လူစုလူဝေးများပြားရာနေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ပြုလုပ်သော အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးက ကြေညာထားပါသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာသောအားဖြင့် ရန်ကုန်ရှိ စီဘီအိုင်သင်တန်းခန်းမ၌ လစဉ် ပုံမှန်ဖွင့်လှစ်လျက်ရှိသော သင်တန်းများကို ဧပြီလ ၃၀ ရက်နေ့အထိ ဖွင့်လှစ်မည် မဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မတ်လအတွက် သင်တန်းလျှောက်ထားသူများကိုလည်း သင်တန်းမဖွင့်ဖြစ်သည့်အတွက် အကြောင်းပြန်ထားပြီး ဖြစ်ပါသည်။
သင်တန်းပြန်ဖွင့်မည့်ရက်များကို ထပ်မံကြေညာပေးပါမည်။

အရေးကြီးသည့်အစည်းအဝေးများ၊ အစီအစဉ်များ ရှိပါကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Photos- MoHS Website: http://mohs.gov.mm/Main/content/publication/2019-ncov