မြန်မာအန်ဂျီအိုနှင့် စီဘီအိုများ နှစ်ပတ်တကြိမ် စုံညီအစည်းအဝေးကို ဇူလိုင်လ ၃၀ ရက် အင်္ဂါနေ့ နံနက် ၁ဝနာရီတွင် MNN အစည်းအဝေးခန်းမတွင် ကျင်းပမည်ဖြစ်ပါသည်။


ယခုတပတ်အစည်းအဝေးတွင် အဖွဲ့အစည်းများအနေဖြင့် အာမခံထားရှိခြင်း အကျိုးခံစားခွင့်များနှင့် အာမခံနှင့်ပတ်သက်ပြီး အသိပညာပေးခြင်း၊ CB Insurance အကြောင်းမိတ်ဆက်ခြင်းတို့ကို CBI Insurance ကလာရောက် ရှင်းလင်းပြောကြားပေးမည်ဖြစ်ပါသည်။ 



အစည်းအဝေးတွင် လူကြီးမင်းတို့ အဖွဲ့အစည်းက အသိပေးတင်ပြလိုသည်များရှိပါက အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းပေးထားမည်ဖြစ်ပါသည်။

မြန်မာအန်ဂျီအိုနှင့် စီဘီအိုများ နှစ်ပတ်တကြိမ် စုံညီအစည်းအဝေး

အစည်းအဝေးကျင်းပမည့်နေ့       -  ၃၀ - ၇ -၂၀၁၉ (အင်္ဂါနေ့)
အစည်းအဝေးကျင်းပမည့်အချိန်    - နံနက် ၁ဝနာရီမှ နေ့လည် ၁၂နာရီအထိ

အစည်းအဝေး ကျင်းပမည့်နေရာ   - MNN Office

အမှတ်(24-B)၊ ဒိုင်းမွန်းကွန်ဒိုအနီး၊ နာနတ်တောလမ်းသွယ်၊ ၈ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။