မြန်မာအန်ဂျီအိုများစုပေါင်းပြီး သဘာဝဘေး အရေးပေါ်တုန့်ပြန်မှုစီမံချက် (Myanmar NGO Contingency Plan) ကို ၂၀၁၀ ခုနှစ် မေလ တွင်စတင်ရေးဆွဲခဲ့ပြီး ၂၀၁ဝခုနှစ် အောက်တိုဘာလတွင် တကြိမ်၊ ၂၀၁၂ ခုနှစ်ဇူလိုင်လတွင် တကြိမ် စုစုပေါင်း(၂)ကြိမ် နေပြည်တော်တွင်ပြင်ဆင်မွမ်းမံခဲ့ပါသည်။
ယခုအခါ မြန်မာဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership) ၏အစီအစဉ်ဖြင့် ဘေးအန္တရာယ်အရေးပေါ်တုန့်ပြန်မှုစီမံချက်ကို ပြန်လည်သုံးသပ် ပြင်ဆင်ရေးဆွဲရန် စီစဉ်ထားပါသည်။

 သို့ပါ၍ အရေးပေါ်တုံ့ပြန်ရေးစီမံချက်ကို သုံးသပ်ပြင်ဆင်ရန်အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ပါသည်။

လူကြီးမင်းကိုယ်တိုင်သော်လည်းကောင်း၊ အဖွဲ့အစည်းမှကိုယ်စားလှယ်သော်လည်းကောင်း တက်ရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် Contingency Plan စာအုပ်ယူသွားသူများအနေဖြင့်လည်း ပြန်ယူလာပေးပါရန် မေတ္တာရပ်ခံပါသည်။
နေ့လည်စာနှင့် အခြားလိုအပ်သည်များ စီစဉ်နိုင်ရန် တက်ရောက်မည့်သူများသည် This email address is being protected from spambots. You need JavaScript enabled to view it. (သို့မဟုတ်) ၀၉ ၇၉၉ ၆၅၄၁၂၄ သို့ ကြိုတင် ဆက်သွယ်စာရင်းပေးစေလိုပါသည်။
ဆွေးနွေးပွဲအစီအစဉ်ကို ပူးတွဲပါဖိုင်၌ ရယူနိုင်ပါသည်။
ဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေဖို့ ကြိုတင်လေ့လာနိုင်ရန် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် ပြင်ဆင်မွမ်းခဲ့သော Myanmar NGO Contingency Plan (English Versin), မန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (Eng & Myanmar Version), ဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲမှုဥပဒေ စာအုပ်တို့ကို ပူးတွဲပေးပို့ပါသည်။
Workshop for Myanmar NGO Contingency Plan Review & Modification
ဆွေးနွေးပွဲ ကျင်းပမည့်နေ့- ၂၀၁၉ခုနှစ်၊ သြဂုတ်လ ၁၈ ရက် (တနင်္ဂနွေနေ့)။
ဆွေးနွေးပွဲ ကျင်းပမည့်အချိန်- မနက် ၈ နာရီခွဲမှ မွန်းလွဲ ၂ နာရီခွဲအထိ။
နေရာ- ပုလဲခန်းမ၊ စင်ထရယ်ဟိုတယ်၊ အမှတ်(၃၅၃-၃၅၇၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ရန်ကုန်မြို့။